၂၀၂၅ ပညာသင်နှစ် ဆေးတက္ကသိုလ်များအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး( GRADE-10,GRADE-12) များကို ယင်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ တို့ ပါဝင်ပြီး သတ်မှတ်ချက်အရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။



