back

အလှဆင်နံပါတ်ပြားတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာများ ပြောင်းလဲ တပ်ဆင်ခြင်းနှင့် ဖြုတ်၍မောင်းနှင်ခြင်း ပြုလုပ်သော ယာဉ်များကို ထိရောက်စွာ အရေးယူမည်

Nov 26 • 3:53 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အလှဆင်နံပါတ်ပြားတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာများ ပြောင်းလဲ တပ်ဆင်ခြင်းနှင့် ဖြုတ်၍မောင်းနှင်ခြင်း ပြုလုပ်သော ယာဉ်များကို ထိရောက်စွာ အရေးယူမည်

အလှဆင်နံပါတ်ပြားတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာများ ပြောင်းလဲ တပ်ဆင်ခြင်းနဲ့ ဖြုတ်ပြီးမောင်းနှင်တာတွေ ပြုလုပ်တဲ့ ယာဉ်တွေကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင...

အလှဆင်နံပါတ်ပြားတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာများ ပြောင်းလဲ တပ်ဆင်ခြင်းနဲ့ ဖြုတ်ပြီးမောင်းနှင်တာတွေ ပြုလုပ်တဲ့ ယာဉ်တွေကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။မော်တော်ယာဉ်များမှာ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာကနေ တရားဝင်ထုတ်ပေးတဲ့ နံပါတ်မဟုတ်ဘဲ အခြားနံပါတ်ပြားတပ်ဆင်ခြင်း၊ မူလနံပါတ်ပြားကို အလှဆင်ပြုပြင်ထားတဲ့ နံပါတ်ပြားများ တပ်ဆင်ခြင်း၊ အလှဆင်နံပါတ်ပြားများ တပ်ဆင်ခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးတပ်ယာဉ်များမှာ အသံပိုမိုကျယ်လောင်စေရန် အသံထိန်းကိရိယာများ ပြောင်းလဲ တပ်ဆင်ခြင်း၊ အသံထိန်းကိရိယာဖြုတ်ပြီး မောင်းနှင်ခြင်း၊ ဆူညံသံဖြစ်ပေါ်စေတဲ့ ကိရိယာတပ်ဆင် အသုံးမပြုကြဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။စည်းကမ်းချက်တွေကို မလိုက်နာတဲ့ ယာဉ်တွေကို ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

news-view-count-icon

34