back

ချန်ပီယံလိဂ်မှာ ချဲလ်ဆီးက ဘာစီလိုနာကို ဂိုးပြတ်အနိုင်ရ

Nov 26 • 3:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ်မှာ ချဲလ်ဆီးက ဘာစီလိုနာကို ဂိုးပြတ်အနိုင်ရ

မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားသွားခဲ့တဲ့ ချဲလ်ဆီးနဲ့ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာ ချဲလ်ဆီးကသုံးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ချဲလ်ဆီးက အိမ်ကွင်းမှာ အကောင်းဆုံးပုံစံ...

မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားသွားခဲ့တဲ့ ချဲလ်ဆီးနဲ့ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာ ချဲလ်ဆီးကသုံးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ချဲလ်ဆီးက အိမ်ကွင်းမှာ အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ပြီး ဘာစီလိုနာကို အသာစီးကစားနိုင်ခဲ့ပါတယ်။ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးအဖြစ် ၂၇မိနစ်မှာ ဘာစီလိုနာနောက်ခံလူ ခွန်ဒေးက ကိုယ့်ဂိုးကိုပြန်သွင်းခဲ့မိပြီး ၄၄မိနစ်မှာ ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာကို ကစားပုံကြမ်းခဲ့တာကြောင့် ဘာစီလိုနာကစားသမား အာရူဟို နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ဒုတိယပိုင်းပြန်စပြီးနောက်ပိုင်းမှာလည်း ချဲလ်ဆီးကဘဲ လူအသာ၊ကစားပုံအသာနဲ့ ကစားခဲ့ပြီး ၅၅မိနစ်မှာ ဒုတိယမြောက်ဦးဆောင်ဂိုးကို လူငယ်တောင်ပံကစားသမား အက်စတီဗောင် က တစ်ကိုယ်တော်အစွမ်းနဲ့ လှလှပပ သွင်းယူပေးခဲ့ပါတယ်။ပွဲကစားချိန် ၇၃မိနစ်မှာတော့ အန်ဇိုဖာနန်ဒက်ရဲ့ ဖန်တီးပေးမှုကနေ လူစားဝင်တိုက်စစ်မှုး ဒီလပ် က ချဲလ်ဆီးအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ချဲလ်ဆီးက ဘာစီလိုနာကို သုံးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ပွဲအတွက် ယုံကြည်ချက်ပိုရှိသွားပြီဖြစ်ပြီး ဒီပွဲမှာ အနားရထားတဲ့ ဂျာအိုပတ်ဒရို၊ကိုးလ်ပါယ်မာတို့က အင်ပြည့်အားပြည့်ကစားနိုင်တော့မှာဖြစ်ပါတယ်။



news-view-count-icon

27