နိုဝင်ဘာ ၂၅ ရက်က ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများလုပ်ကိုင်ရာတွင်ဆက်စပ် ပါဝင်သည့်ပြည်ပနိုင်ငံသားများ ၅၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ကျန်ရှိသည့် ပြည်ပနိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ၎င်းတို့၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူလျက်ရှိသည်။ရွှေကုက္ကိုလ်နယ်မြေအားရှင်းလင်းမှုများစတင်ပြုလုပ်သည့်နေ့မှစ၍ နိုဝင်ဘာ ၂၅ ရက်အထိ ပြည်ပနိုင်ငံသား ၁,၈၄၇ ဦးကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ အွန်လိုင် လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃,၀၉၈ လုံး၊ မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံး၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကိုသိမ်း ဆည်းရမိခဲ့သဖြင့် စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ပါတယ်။



