မန္တလေးတိုင်း၊မြင်းခြံခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူနည်းပါးနေပြီး ဒေသခံ အများစုမှာ အလုပ်လက်မဲ့ဖြစ်နေ၍ ရှင်သန်ရပ်တည်ရေး အခက်ကြုံနေကြကြောင်း ဒေသခံများက ပြောသည်။ဒေသခံများ၏ ယာခင်းများနှင့် သိုလှောင်ရုံများ မီးရှို့ဖျက်ဆီးခံရခြင်း၊ ပွဲရုံများက စိုက်ပျိုးစရိတ် ကြိုမထုတ်ပေးခြင်း၊ သွင်းအားစုစာရိတ် မြင့်တက်လာခြင်း ၊ ဝယ်ယူသူများက စျေးနှိမ်ဝယ်ယူခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူ နည်းပါးလာခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။ ဒေသခံအများစု စိုက်ပျိုးနေကြဖြစ်သည့် နှမ်း၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စပါး စိုက်ပျိုးသူ နည်းပါးနေခြင်းဖြစ်ကြောင်း ဒေသခံက ဆိုသည်။ 
Nov 26 • 3:26 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 39 | 0 | 0 | 0 |


