တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းမြို့ရှိ ချုံဟိုင်ရေကန်တွင် ယခုနှစ်အတွင်း ဂေဟစနစ် တိုးတက်ကောင်းမွန်ခြင်းကြောင့် အမြဲတမ်းနေထိုင်သည့် ရွှေ့ပြောင်းငှက်အရေအတွက် တိုးပွားလာခြင်းဖြင့် ငှက်မျိုးစိတ်အရေအတွက်မှာ အကောင်ရေ ၃၁၀ အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ချုံဟိုင် အမျိုးသားစိမ့်မြေဒေသဥယျာဥ်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာက သဘာဝပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းရေးနှင့် လူများ၏အနှောင့်အယှက်နည်းပါးခြင်းတို့ကြောင့် ငှက်မျိုးစိတ်အရေအတွက် တိုးပွားလာခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရေကြက်ဒုံ၊ ရင်အုပ်ဖြူရေကြက်နှင့် ခရုစုပ်ငှက် အပါအဝင် ရွှေ့ပြောင်းငှက်မျိုးစိတ် ခုနစ်မျိုးမှာ လက်ရှိ နေထိုင်ကျက်စားလျက်ရှိကြောင်း ရှီးချန်းမြို့၏ သစ်တောနှင့်မြက်ခင်းပြင်ဌာန အကြီးတန်းအင်ဂျင်နီယာ ယန်ကျွင်း က ပြောကြားခဲ့သည်။
Nov 26 • 3:27 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


