back

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

Nov 26 • 3:25 AM

breaking-news

မြန်မာ

ရှမ်း

cover

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း...

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။“ပြောင်းစိုက်ဖို့ အရင်းပဲကို သိန်း ၅၀ လောက်ရှိတယ်။ ပြန်ရတာက ကျပ်သိန်း ၄၀ တောင် မပြည့်ဘူး။ အကြွေးကလည်း အတိုးနဲ့ဆို မြုပ်နေပြီ ဘာမှကို မကျန်တာ ဒီနှစ်က။ ဈေးကောင်းမလားဆိုပြီး စိုက်ထားတာ၊ နောက်နှစ်ဆို တခြားသီးနှံ စိုက်မှရမယ်” - ဟု ပြောင်းစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။ဆီဆိုင်မြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် အများအားဖြင့် ပွဲစားများနှင့်သာ ပြောင်းအရောင်း အဝယ် ပြုလုပ်ကြပြီး မြန်မာနိုင်ငံမှ ပြောင်းများကို တရုတ်နှင့် ထိုင်းနိုင်ငံဘက်သို့ အဓိက တင်ပို့နေခြင်း ဖြစ်သည်။ထိုသို့ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်သောကြောင့် ပြောင်းအစားထိုး သီးနှံအဖြစ် ပဲစင်းငုံ များကို တိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။

news-view-count-icon

32