မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ် ဒေသခံတွေကြား ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် ပြည်နယ်ဘက်ကတော့ ဆက်လက် ဖြိုချခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။တောင်ဝိုင်းတောင်ကို နေ့စဉ် စက်ယန္တရားကြီးတွေ အများအပြား အသုံးပြုပြီး တစ်ရက်လျှင် ကားကြီးတွေနဲ့ အခေါက်ရေ ရာနဲ့ချီ သယ်ဆောင်နေတာကြောင့် တောင်ဝိုင်းတောင်ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေတာ ဖြစ်ပါတယ်။တောင်ဝိုင်းတောင်အနီး နေထိုင်သူတစ်ဦးကတော့ တောင်ဝိုင်းတောင်တဝိုက် မြေတူးတာတွေကို ဆက်လက်ခွင့်ပြုထားတာကြောင့် တောင်မြေပြိုမှု အန္တရာယ်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။



