အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိနေကြသော မြန်မာဒုက္ခသည်များသည် တတိယနိုင်ငံသို့ ထွက်ခွါခွင့် ဗီဇာရရှိပြီးနောက် Exit Permit အတွက် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန (Home Affairs) မှ လူတစ်ဦးလျှင် အိန္ဒိယရူပီး (၅) သိန်း တောင်းခံခြင်းကြောင့် ကြီးမားသော စိန်ခေါ်မှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရင်မဟာမင်းကြီးရုံး(UNHCR) ကတဆင့် တတိယနိုင်ငံ ထွက်ခွါခွင့်ဗီဇာရပြီးသား အသက် ၁၈ နှစ်နဲ့ အထက်လူတစ်ဦးမှာ ရူပီးငွေ ၅ သိန်းနှင့် အသက် ၁၈ နှစ်အောက်လူတစ်ဦးမှာ ရူပီးငွေ ၃ သိန်းအထိပေးဆောင် ရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက တောင်းခံနေခြင်းဖြစ်သည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ တတိယနိုင်ငံ ထွက်ခွာမည့် မြန်မာဒုက္ခသည်များအား လူတစ်ဦးလျှင် ရူပီး (၅) သိန်း သတ်မှတ်ကောက်ခံခြင်းကိစ္စနှင့် ပတ်သက်၍ ချင်းဒုက္ခသည်ကော်မတီ (CRC) က အဖြေရှာ ဖြေရှင်းရမည့်နည်းလမ်း ရှာဖွေသွားမည်ဟု CRC ဥက္ကဌကပြောသည်။



