back

ပြည်တွင်း အသားတိုးကြက် မွေးမြူရေးခြံများတွင် ကြက် အရှင်ဖမ်းဈေးများ တစ်ပိဿာ ၅,၀၀၀ကျပ် အထိပြန်ကျသွား

Nov 26 • 2:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း အသားတိုးကြက် မွေးမြူရေးခြံများတွင် ကြက် အရှင်ဖမ်းဈေးများ တစ်ပိဿာ ၅,၀၀၀ကျပ် အထိပြန်ကျသွား

ပြည်တွင်းတွင် ဈေးနှုန်းဆက်တိုက်မြင့်တက်ခဲ့သော အသားတိုးကြက်အရှင်ဖမ်းစျေးကွက်သည် ယခု နိုဝင်ဘာလ တတိယပတ်မှစပြီး ဈေးပြန်ကျသွားကြောင်း မွေးမြူရေးနှင့် ကြက်သားပေါက် ရေ...

ပြည်တွင်းတွင် ဈေးနှုန်းဆက်တိုက်မြင့်တက်ခဲ့သော အသားတိုးကြက်အရှင်ဖမ်းစျေးကွက်သည် ယခု နိုဝင်ဘာလ တတိယပတ်မှစပြီး ဈေးပြန်ကျသွားကြောင်း မွေးမြူရေးနှင့် ကြက်သားပေါက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဆီက သိရသည်။ အသားစျေးကွက်ထဲကို အသားတိုးကြက် ဝင်ရောက်မှု ပြန်များလာသည့်အတွက် ကြက်အရှင်ဖမ်းစျေး ပြန်လည်ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။ကြက်အရှင်စျေးနှုန်းမှာ နယ်မြေဒေသအလိုက် တစ်ပိဿာကို ၃,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်လောက်အထိ ဈေးပြန်ကျသွားခြင်းဖြစ်သည်ဟု စျေးကွက်အရ သိရသည်။

news-view-count-icon

57