back

ထိုင်းတွင် Google Map မှာ ကိုယ်နေတဲ့နေရာကို ထိုင်းရဲ့ အကြီးဆုံး လောင်းကစား ဝက်ဆိုဒ်လို့ ထည့်မိလို့ ရဲဖမ်းတာခံရ

Nov 26 • 2:19 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် Google Map မှာ ကိုယ်နေတဲ့နေရာကို ထိုင်းရဲ့ အကြီးဆုံး လောင်းကစား ဝက်ဆိုဒ်လို့ ထည့်မိလို့ ရဲဖမ်းတာခံရ

ထိုင်းနိုင်ငံ၊ချင်းရိုင် ရဲတပ်ဖွဲ့ဟာ အသက် ၃၀ အရွယ် လောင်းကစား ဝက်ဆိုဒ်ဆောင်ရွက်သူတစ်ဦးကို Google Map ကနေ တဆင့်ခြေရာခံပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ဖမ်းဆီးလိုက်ပါတ...

ထိုင်းနိုင်ငံ၊ချင်းရိုင် ရဲတပ်ဖွဲ့ဟာ အသက် ၃၀ အရွယ် လောင်းကစား ဝက်ဆိုဒ်ဆောင်ရွက်သူတစ်ဦးကို Google Map ကနေ တဆင့်ခြေရာခံပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ဖမ်းဆီးလိုက်ပါတယ်။ဖမ်းခံရတာက Google Map Location မှာ - “ထိုင်းရဲ့ အကြိီးဆုံးလောင်းကစား ဝက်ဆိုဒ်ရှိရာ ရုံး”လို့ရေးထားလို့ပါ။ ဆိုင်ဘာမှုခင်းစုံစမ်းရေးဗျူရိုက gsa9game လို့ အမည်ရတဲ့ ဒီ ဝက်ဆိုဒ်ကို ရှာဖွေနေတာဖြစ်ပြီး အဖွဲ့ဝင် ၂ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ တော်တော်များများက လူငယ်တွေနဲ့ ကလေးတွေပါ။ ဒီဝက်ဆိုဒ်ကနေ တစ်လကို ပိုက်ဆံ ဘတ် ၁၀ သန်းကျော်၊ တစ်နှစ်ကို ဘတ် သန်း ၁၂၀ ကျော် လည်ပတ်ပြီး ရှိနေတာပါ။Kasdit ဟာ လွန်ခဲ့တဲ့ ၆-၇ နှစ်ကတည်းက လောင်းကစားလုပ်ငန်းတွေ လုပ်နေတာဖြစ်ပြီး ပိုက်ဆံတွေ စု ချမ်းသာပြီးတဲ့နောက်မှာတော့ ထိုင်းကို ပြန်လာပြီး ကိုယ့်လုပ်ငန်း ကိုယ်ထောင်ခဲ့တာဖြစ်ပြီး အခု ဖမ်းမိချိန်မှာ ဝက်ဆိုဒ် ၇ ခုထိရှိနေတာပါ။ ထိုင်းပြည်သူတွေကတော့ ဒီလူကို ငါးစာချကျွေးလိုက်တာသာဖြစ်ပြီး နောက်မှာ ပိုကြီးတဲ့ ဂိုဏ်းချုပ်တွေရှိနိုင်တယ်လို့ သုံးသပ်နေပါတယ်။

news-view-count-icon

19