back

အမေရိကန် ဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဆူဒန် ထိပ်တန်းဗိုလ်ချုပ် ပယ်ချ

Nov 26 • 2:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် ဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဆူဒန် ထိပ်တန်းဗိုလ်ချုပ် ပယ်ချ

အမေရိကန် ဦးဆောင်တဲ့ ကြားဝင်ညှိနှိုင်းပေးသူတွေ တင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဆူဒန် ထိပ်တန်းဗိုလ်ချုပ်က ပယ်ချလိုက်တာကြောင့် ဆိုးရွ...

အမေရိကန် ဦးဆောင်တဲ့ ကြားဝင်ညှိနှိုင်းပေးသူတွေ တင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဆူဒန် ထိပ်တန်းဗိုလ်ချုပ်က ပယ်ချလိုက်တာကြောင့် ဆိုးရွားလှတဲ့ လ ၃၀ ကျော်ကြာ စစ်ပွဲ အဆုံးသတ်စေရေး ကြိုးပမ်းမှုတွေအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။ဆူဒန်စစ်တပ်က ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှတ်ချက်တွေမှာ ဗိုလ်ချုပ် အဒဲလ် ဖာတာ ဘာဟန်က အဆိုပြုချက်ဟာ လက်မခံနိုင်စရာ ဖြစ်ပြီး စစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ညှိနှိုင်းပေးသူတွေ ဘက်လိုက်တယ်လို့ စွပ်စွဲထားပါတယ်။အမေရိကန် ဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ဟာ အဆိုးရွားဆုံး ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် အဒဲလ်က ပြောပါတယ်။စစ်တပ်နဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့ Rapid Support Forces တို့ကြား အားပြိုင်မှုကြောင့် ၂၀၂၃ ဧပြီလအတွင်း တိုက်ပွဲတွေ မြို့တော် ခါတွမ်နဲ့ တခြားဒေသတွေမှာ စတင်ခဲ့ပြီးနောက်ပိုင်း ဆူဒန်နိုင်ငံမှာ ဝရုန်းသုန်းကား အခြေအနေတွေ စတင်လာခဲ့တာပါ။ဆိုးရွားလွန်းတဲ့ စစ်ပွဲကြောင့် လူ ၄၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပေမယ့် အမှန်တကယ် သေဆုံးသူအရေအတွက် အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောထားပါတယ်။လူ ၁၄ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ရောဂါတွေ ပျံ့နှံ့နေချိန် နိုင်ငံရဲ့ ဒေသများစွာမှာ အငတ်ဘေးဆိုက်နေတာကြောင့် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်း စာနာရေး ပြဿနာ ဖြစ်ပေါ်နေပါတယ်။

news-view-count-icon

21