back

တောင်ကြီး၌ လောင်းကစားဝိုင်းများ ပြောင်ပြောင်တင်းတင်း လုပ်နေ

Nov 26 • 2:18 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး၌ လောင်းကစားဝိုင်းများ ပြောင်ပြောင်တင်းတင်း လုပ်နေ

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ပေါ်၌ လောင်းကစားဝိုင်းများကို ပြောင်ပြောင်တင်းတင်းဖွင့်လှစ်လုပ်ကိုင်နေကြောင်း မြို့ခံများထံမှ သိရသည်။လောင်းကစားဝိုင်းများကို တရားဝင်ခ...

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ပေါ်၌ လောင်းကစားဝိုင်းများကို ပြောင်ပြောင်တင်းတင်းဖွင့်လှစ်လုပ်ကိုင်နေကြောင်း မြို့ခံများထံမှ သိရသည်။လောင်းကစားဝိုင်းများကို တရားဝင်ခွင့်ပြုမိန့် ရထားသကဲ့သို့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြကြောင်း ဘုရားဖြူရပ်နေသူ ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ ဂျင်လောင်းကစားဝိုင်းကို ပလီလင်းပတ်လမ်း မရောက်မီ ဘုန်းကြီးကျောင်းအနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်က စတင်ဖွင့်ခြင်းဖြစ်ပြီး လူအများအပြား လာရောက်ကစားနေကြောင်း ဒေသခံက ပြောသည်။တောင်ကြီးမြို့ပေါ်တွင် ရပ်ကွက် ၂၂ ခု ရှိရာ ရေအေးကွင်းနေရာမျိုးတွင် တစ်ချပ်မှောက်ကဲ့သို့ ကြေးကြီးဖဲဝိုင်းများ ရှိနေပြီး စဝ်စံထွန်းရပ်ကွက်၌မူ ဂျင်ဝိုင်းနှင့် ပိုကာဖဲဝိုင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။

news-view-count-icon

38