back

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့ အလက( ၅)၌ ပလတ်စတစ်ကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ပွဲကျင်းပ

Nov 26 • 2:17 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့ အလက( ၅)၌ ပလတ်စတစ်ကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာန နှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်ကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ပွဲကို နိုဝင်ဘာ ...

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာန နှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်ကင်းစင်ရေး စုပေါင်းအမှိုက်ကောက်ပွဲကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီက အမှတ်( ၅)ရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။အလက( ၅)မှ ဆရာ ဆရာမများနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၈၄ ဦးတို့က ကျောင်းဝန်းအတွင်းရှိ ပလတ်စတစ်အမှိုက်များ၊ စွန်းပစ်အမှိုက်များကို ကောက်ယူသိမ်းဆည်းခဲ့ကြ သည်။ထို့ပြင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက တစ်ခါသုံးလက်အိတ်၊အမှိုက် အိတ်များနှင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

news-view-count-icon

29