၂၆.၁၁.၂၀၂၅ ရက်ယနေ့၊ ၀၃ နာရီ၀၀ အချိန်ခန့်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ တောင်ပေါ်ကျောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါသတင်းရရှိသဖြင့် ကော့ကရိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပါတယ်။ ၀၃နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။



