ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်ကစားရန် ဖီဖာမှ ပိတ်ပင်ခံထားရသည့် ရုရှား🇷🇺လက်ရွေးစင်အသင်း လာမည့်နှစ်တွင် "အော်တာနေးတစ်ဗ်" ကမ္ဘာ့ဖလား🏆 ဟု အမည်ရသည့် ပြိုင်ပွဲသစ်တစ်မျိုးကို ကျင်းပရန် စီစဉ်နေပါတယ်။အဆိုပါပြိုင်ပွဲသစ်ကို ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်နှင့် တစ်ချိန်တည်းတွင် ရုရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ခွင့်မရရှိသည့် လက်ရွေးစင်အသင်းများကို ဖိတ်ခေါ်သွားမည်ဟု သိရသည်။အိမ်ရှင် ရုရှားလက်ရွေးစင်အသင်းအပါအဝင် ဆာဘီးယား၊ ဂရိ၊ ချီလီ၊ ပီရူး၊ ဗင်နီဇွဲလား၊ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ တရုတ် စသည့်နိုင်ငံများ အပါအဝင် ယခင် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံများဖြစ်သည့် ဘီလာရုစ်၊ ဂျော်ဂျီယာ၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ကာဂျစ်ဇတန် စသည့် အသင်းတို့ကိုလည်း ဖိတ်ကြားမည်ဟု သိရသည်။



