back

ရန်ကုန်၊ ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

Nov 26 • 1:05 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၊ ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာသီရိ (၈) လမ်းတွင် နိုဝင်ဘာလ ၂၅ ရက်၊ ညနေ ၆ နာရီကျော် အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာသီရိ (၈) လမ်းတွင် နိုဝင်ဘာလ ၂၅ ရက်၊ ညနေ ၆ နာရီကျော် အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မီးလောင်မှုသတင်းရရှိပြီးနောက် ဒေါပုံ၊ သာကေတ၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းများမှ မီးသတ်ယာဉ်စုစုပေါင်း ၉ စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ၊ ညနေ ၆ နာရီ ၁၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၆ နာရီ ၂၂ မိနစ်တွင် မီးလုံးဝ ငြိမ်းသွားခဲ့သည်။ မီးလောင်ရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုပမာဏကိုမူ စိစစ်ဆဲဖြစ်ပြီး၊ မီးဘေးနှင့် အရေးပေါ်အန္တရာယ်များ ကြုံတွေ့ရပါက အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့ ဆက်သွယ်သတင်းပေးပို့ အကူအညီတောင်းခံနိုင်ကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

news-view-count-icon

28