back

ထိုင်ဝမ်အနီး ကျွန်းပေါ်တွင် ဂျပန်ဒုံးကျည်များချထားမည့် အစီအစဉ်ကို တရုတ်ဝေဖန်

Nov 26 • 12:59 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ထိုင်ဝမ်အနီး ကျွန်းပေါ်တွင် ဂျပန်ဒုံးကျည်များချထားမည့် အစီအစဉ်ကို တရုတ်ဝေဖန်

ထိုင်ဝမ်အနီးရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဒုံးကျည်များ ဖြန့်ကျက်ချထားရန် ဂျပန်၏ အစီအစဉ်သည် ဒေသတွင်း တင်းမာမှုများကို ဖန်တီးရန်နှင့် စစ်ရေးထိပ်တိုက်တွေ့မှုများကို ...

ထိုင်ဝမ်အနီးရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဒုံးကျည်များ ဖြန့်ကျက်ချထားရန် ဂျပန်၏ အစီအစဉ်သည် ဒေသတွင်း တင်းမာမှုများကို ဖန်တီးရန်နှင့် စစ်ရေးထိပ်တိုက်တွေ့မှုများကို လှုံ့ဆော်ရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှု ဖြစ်ကြောင်း တရုတ်နိုင်ငံက စွပ်စွဲဝေဖန်လိုက်သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဂျပန်ရှိ လက်ယာယိမ်းအင်အားစုများသည် ဂျပန်နှင့် ဒေသကို ဘေးအန္တရာယ်ဆီ ဦးတည်စေလျက်ရှိကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏ နိုင်ငံပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် စွမ်းရည်နှင့် စိတ်ပိုင်းဖြတ်ထားမှုရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ ဤသို့ တရုတ်ဘက်မှ တုံ့ပြန်ခြင်းမှာ ထိုင်ဝမ်အရှေ့ပိုင်းကမ်းလွန် ၆၈ မိုင်အကွာရှိ ယိုနာဂူနီကျွန်းရှိ စစ်အခြေစိုက်စခန်းတွင် တာလတ်ပစ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တပ်ဖွဲ့တစ်ခု တပ်ဖြန့်ချထားရေး အစီအစဉ်ကို ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

news-view-count-icon

12