back

ပဲမျိုးစုံဈေးကွက် မှန်ကန်စေရန် ကုန်ပစ္စည်းမပါဘဲ လုံးဝမပြုလုပ်ရန် သတိပေးထုတ်ပြန်

Nov 26 • 1:01 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပဲမျိုးစုံဈေးကွက် မှန်ကန်စေရန် ကုန်ပစ္စည်းမပါဘဲ လုံးဝမပြုလုပ်ရန် သတိပေးထုတ်ပြန်

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှသည် ပြည်ပတင်ပို့မှုအထိ ပြည်တွင်း/ပြည်ပ ပဲဈေးကွက် မှန်ကန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ကုန်ပစ္စည်းမပါဘဲ...

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှသည် ပြည်ပတင်ပို့မှုအထိ ပြည်တွင်း/ပြည်ပ ပဲဈေးကွက် မှန်ကန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ကုန်ပစ္စည်းမပါဘဲ အလျော်အစားငွေနှင့်အရောင်းအဝယ်ပြုလုပ်ခြင်း ကို လုံးဝ(လုံးဝ) မပြုလုပ်ရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက အသိပေး ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို နိုဝင်ဘာလ ဒုတိယအပတ်တွင် ကျင်းပသည့် ကုန်သည်များအသင်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် မြန်မာနိုင်ငံသည် ပဲမျိုးစုံကို အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့နေပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စသည့် ပဲအမျိုးအစားပေါင်း ၂၀ ခန့် တင်ပို့လျက်ရှိသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ တန်ချိန် ၁.၈၃ သန်း တင်ပို့၍ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံခန့် ရရှိရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။

news-view-count-icon

68