back

ရွှေကုက္ကိုလ်နယ်မြေမှ ဖမ်းဆီးထားသည့် ပြည်ပနိုင်ငံသား ၅၁ ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေး

Nov 26 • 12:59 AM

breaking-news

မြန်မာ

ကရင်

cover

ရွှေကုက္ကိုလ်နယ်မြေမှ ဖမ်းဆီးထားသည့် ပြည်ပနိုင်ငံသား ၅၁ ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေး

ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာ၌ ပါဝင်သူများအဖြစ် ဖော်ထုတ်ထိန်းသိမ်းထားနိုင်သည့် ပြည်ပနိုင်ငံသားများအနက် ၅၁...

ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာ၌ ပါဝင်သူများအဖြစ် ဖော်ထုတ်ထိန်းသိမ်းထားနိုင်သည့် ပြည်ပနိုင်ငံသားများအနက် ၅၁ ဦးကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ရွှေကုက္ကိုလ်ရှင်းလင်းမှု စတင်ချိန်မှ ယနေ့အထိ ပြည်ပနိုင်ငံသား စုစုပေါင်း ၁,၈၄၇ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး၊ အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုသည့် ကွန်ပျူတာ ၃,၀၉၈ လုံး၊ မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံး အပါအဝင် လုပ်ငန်းသုံးပစ္စည်း အများအပြားကို သိမ်းဆည်းရမိကာ စနစ်တကျ ဖျက်ဆီးရှင်းလင်းခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှစ၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၂,၆၈၇ ဦးကို ထိန်းသိမ်းခဲ့ရာမှ ယခုအခါ စုစုပေါင်း ၁၀,၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

14