မြန်မာနိုင်ငံတစ်ဝန်းတွင် ပြောင်းသီးနှံ စိုက်ဧက စုစုပေါင်း ၁ သန်းခန့် ရှိပြီး၊ ထိုအထဲမှ ၆၅ ရာခိုင်နှုန်းအထိကို ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ရှမ်းပြည်နယ်တွင် ၂၀၂၄ ခုနှစ်က စိုက်ဧက ၃ သိန်းကျော်သာရှိခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်တွင် ဧကပေါင်း ၆ သိန်းကျော်အထိ တိုးမြှင့် စိုက်ပျိုးနိုင်ခဲ့သည်။ လက်ရှိ ပြောင်းထွက်ရှိမှု၏ ၃၅ ရာခိုင်နှုန်းကို ပြည်တွင်း၌ တိရစ္ဆာန်အစာနှင့် အခြားလုပ်ငန်းများအတွက် အသုံးပြုနေပြီး ပိုလျှံသော ၆၅ ရာခိုင်နှုန်းကိုမူ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ပြည်ပတင်ပို့ရာတွင် အထူးသဖြင့် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ တင်ပို့ပြီး၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယစသည့် နိုင်ငံများသို့လည်း တင်ပို့နေကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး ပြောင်းစိုက်ဧက ၁ သန်းခန့်ရှိပြီး ရှမ်းပြည်နယ်က ၆၅ ရာခိုင်နှုန်းဖြင့် ဦးဆောင်စိုက်ပျိုး
Nov 26 • 12:54 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 43 | 0 | 0 | 0 |


