လာမည့် ဆီးဂိမ်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် ယနေ့ နိုဝင်ဘာ (၂၅) ရက်နေ့မှစတင်၍ လေ့ကျင့်ရေးပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယူ-၂၂ အသင်းသည် ဆီးဂိမ်းအကြိုပြင်ဆင်မှုအနေဖြင့် မြန်မာယူ-၂၂ (က) နှင့် (ခ) အသင်းများဖွဲ့စည်း၍ ခြေစမ်းပွဲများ ကစားခဲ့သည့်အပြင်၊ ဘာရိန်းအပါအဝင် အရှေ့အလယ်ပိုင်းအသင်းများနှင့်လည်း ခြေစမ်းပွဲများ ကစားခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် ဂျပန်လက်ရွေးစင်ဟောင်း ကူရိုမှ မြန်မာယူ-၂၂ အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်လေ့ကျင့်ပေးလျက်ရှိသည်။
Nov 26 • 12:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


