back

နယူးဒေလီရှိ မြန်မာသံရုံး၌ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်မည်

Nov 26 • 12:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

နယူးဒေလီရှိ မြန်မာသံရုံး၌ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်မည်

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး (နယူးဒေလီမြို့) သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင...

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး (နယူးဒေလီမြို့) သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်မည့် ရက်များကို အသိပေးထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် ဒီဇင်ဘာ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မြန်မာသံရုံး (နယူးဒေလီ) ၌ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လာရောက်မဲပေးနိုင်မည်ဖြစ်သည်။ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် မဲပေးရန်လာရောက်သည့်အခါ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် (မူရင်း) နှင့် မှတ်ပုံတင် (မူရင်း/မိတ္တူ) တို့ကို မဖြစ်မနေ ယူဆောင်လာရမည်ဟု သံရုံးက အသိပေးထားသည်။

news-view-count-icon

30