back

အသက် ၁၉ နှစ်အရွယ် လူငယ်အား ခြိမ်းခြောက်၍ မိခင်၏ ဘတ် ၆.၈ သန်းဖိုး ပစ္စည်းများ လိမ်လည်ယူသည့် တရုတ်နိုင်ငံသား ဖမ်းဆီးရမိ

Nov 26 • 12:50 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

အသက် ၁၉ နှစ်အရွယ် လူငယ်အား ခြိမ်းခြောက်၍ မိခင်၏ ဘတ် ၆.၈ သန်းဖိုး ပစ္စည်းများ လိမ်လည်ယူသည့် တရုတ်နိုင်ငံသား ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဆမတ်ပရာကန်ခရိုင်တွင် အသက် ၁၉ နှစ်အရွယ် လူငယ် (မစ်ခ်) တစ်ဦးအား အစိုးရအရာရှိဟန်ဆောင်ကာ ဖမ်းဝရမ်းအတုပြသ၍ ခြိမ်းခြောက်ပြီး ၎င်း၏မိခင် စုဆောင်းထားသော ...

ထိုင်းနိုင်ငံ၊ ဆမတ်ပရာကန်ခရိုင်တွင် အသက် ၁၉ နှစ်အရွယ် လူငယ် (မစ်ခ်) တစ်ဦးအား အစိုးရအရာရှိဟန်ဆောင်ကာ ဖမ်းဝရမ်းအတုပြသ၍ ခြိမ်းခြောက်ပြီး ၎င်း၏မိခင် စုဆောင်းထားသော ဘတ် ၆.၈ သန်း တန်ဖိုးရှိ ပစ္စည်းများကို လိမ်လည်ယူခဲ့သည့် ကျင် အမည်ရှိ (၃၁) နှစ်အရွယ် တရုတ်နိုင်ငံသားကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဘန်ကောက်၌ ဖမ်းဆီးရမိခဲ့သည်။အဆိုပါ ကျားဖြန့်ရာဇဝတ်သားက မစ်ခ်အား ဗီဒီယိုကောလ်ဖြင့် ၂၄ နာရီကြာ ခြိမ်းခြောက်ခဲ့ရာ မစ်ခ်သည် စိုးရိမ်စိတ်ဖြင့် မိခင်ပိုင်ဆိုင်သည့် တန်ဖိုးကြီးပစ္စည်းများနှင့် မိခင်၏ လာအိုဘဏ်စာအုပ်ကိုပါ ယူဆောင်၍ ချိန်းထားသည့်နေရာသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

23