back

တောင်ကြီးမြို့နယ်မှ စလော့ကျွဲဂိမ်းစွဲနေသည့် ဆယ်အိမ်ခေါင်းတစ်ဦး ကျေးရွာပိုင်ငွေနှင့် ကား ခိုးယူထွက်ပြေး

Nov 26 • 12:49 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့နယ်မှ စလော့ကျွဲဂိမ်းစွဲနေသည့် ဆယ်အိမ်ခေါင်းတစ်ဦး ကျေးရွာပိုင်ငွေနှင့် ကား ခိုးယူထွက်ပြေး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညိုမီးကျေးရွာတွင် နေထိုင်သူနှင့် ဆယ်အိမ်ခေါင်းတစ်ဦးဖြစ်သူ ခွန်အောင်သိန်း (အသက် ၄၀ ကျော်ခန့်) သည် စလော့ကျွဲဂိမ်းစွဲလမ်းမှုကြောင့...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညိုမီးကျေးရွာတွင် နေထိုင်သူနှင့် ဆယ်အိမ်ခေါင်းတစ်ဦးဖြစ်သူ ခွန်အောင်သိန်း (အသက် ၄၀ ကျော်ခန့်) သည် စလော့ကျွဲဂိမ်းစွဲလမ်းမှုကြောင့် အများပြည်သူက အပ်နှံထားသည့် ကျေးရွာပိုင်ငွေ ကျပ် ၂၅ သိန်းနှင့် ဒေသခံတစ်ဦး၏ အိမ်စီးကားတစ်စီးကိုပါ လိမ်လည်ခိုးယူ၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းပမာဏကို ခိုးယူထွက်ပြေးသွားသည်မှာ တစ်လကျော်ပြီဖြစ်ပြီး ၎င်းသည် ယခင်ကလည်း ဒေသခံတစ်ဦး၏ ဆိုင်ကယ်ကို ရောင်းစားသွားခဲ့ဖူးကြောင်း၊ လက်ရှိတွင် ၎င်းကို ကျေးရွာက လိုက်လံရှာဖွေစုံစမ်းဆဲဖြစ်ကြောင်း ရွာခံတစ်ဦးက ပြောကြားခဲ့သည်။

news-view-count-icon

20