ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့တွင် ရေဘေးသင့်နေသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် Prince of Songkla တက္ကသိုလ် (PSU) အားကစားရုံ အတွင်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့ လာရောက်ခိုလှုံနိုင်ကြောင်း ကူညီပေးနေသည့် မြန်မာကျောင်းသားတစ်ဦးက နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြောကြားသည်။ အဆိုပါကယ်ဆယ်ရေးစခန်းသည် လူ ၃,၀၀၀ ခန့် ဆံ့ပြီး လက်ရှိတွင် ခိုလှုံသူ ၂,၀၀၀ ခန့် ရှိနေပြီဖြစ်ကာ၊ နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါးနှင့် အဝတ်အထည်များပါ စီစဉ်ပေးထားကြောင်း သိရသည်။ဟတ်ယိုင်မြို့၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးမှုဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး၊ ရေဘေးကြုံနေရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် FED အဖွဲ့အစည်းကလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် အစားအသောက်နှင့် သောက်ရေသန့်များ လှူဒါန်းသွားမည်ဖြစ်ကြောင်း မေတ္တာရပ်ခံထားသည်။ 


ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့ ရေဘေးသင့်သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ Prince of Songkla တက္ကသိုလ်ရှိ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနိုင်
Nov 26 • 12:48 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


