back

မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီ ဖွဲ့စည်း၊ နယ်နိမိတ်တိုင်းတာရေးနှင့် မြစ်ချောင်းရေ အသုံးချရေး ကိစ္စများ ဆောင်ရွက်မည်

Nov 26 • 12:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီ ဖွဲ့စည်း၊ နယ်နိမိတ်တိုင်းတာရေးနှင့် မြစ်ချောင်းရေ အသုံးချရေး ကိစ္စများ ဆောင်ရွက်မည်

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် နယ်နိမိတ်တိုင်းတာခြင်း၊ မြစ်ချောင်းများအတွင်း သွားလာရေးနှင့် မြစ်ချောင်းရေ အသုံးချခြင်...

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် နယ်နိမိတ်တိုင်းတာခြင်း၊ မြစ်ချောင်းများအတွင်း သွားလာရေးနှင့် မြစ်ချောင်းရေ အသုံးချခြင်းတို့အတွက် မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။ ဤကော်မတီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၇ ဦး ဖြင့် ဖွဲ့စည်းထားသည်။

news-view-count-icon

31