back

မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် စျာပနကို နိုဝင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည်

Nov 26 • 12:44 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် စျာပနကို နိုဝင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည်

မြန်မာစာပေလောကတွင် ထင်ရှားသော ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်သည် ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ နေအိမ်၌ အသက် (၉၀) န...

မြန်မာစာပေလောကတွင် ထင်ရှားသော ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်သည် ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ နေအိမ်၌ အသက် (၉၀) နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဆရာကြီး၏ စျာပနအခမ်းအနားကို လာမည့် နိုဝင်ဘာ ၂၇ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ ၃ နာရီတွင် ရေဝေးသုဿာန်၌ ပြုလုပ်မည်ဖြစ်ပြီး၊ သာကေတ မင်းနန္ဒာအိမ်ရာရှိ နေအိမ်မှ ကားများသည် မွန်းတည့် ၁ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။ ဆရာကြီးသည် ၁၉၅၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ တစ်ဦးတည်းသော မြန်မာစာ ဂုဏ်ထူးရှင်အဖြစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၊ "မြန်မာ့ဇာတ်သဘင်သမိုင်း" ဖြင့် အနုပညာစာပေဆုနှင့် "မြန်မာ့ရုပ်စုံသဘင်" ဖြင့် အမျိုးသားစာပေဆု အပါအဝင် မြန်မာစာပေဆိုင်ရာ ထူးချွန်ဆုများစွာကို ရရှိခဲ့သူဖြစ်သည်။

news-view-count-icon

19