back

ထိုင်းနိုင်ငံ ချွန်ဘူရီမှ မြန်မာအလုပ်သမား ၃၁ ဦး လုပ်ခ ဘတ် ၄ သိန်းကျော် မရ၍ တိုင်ကြား

Nov 26 • 12:43 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ချွန်ဘူရီမှ မြန်မာအလုပ်သမား ၃၁ ဦး လုပ်ခ ဘတ် ၄ သိန်းကျော် မရ၍ တိုင်ကြား

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ခေါင်နွဲ့မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၁ ဦးသည် လုပ်အားခ ဘတ် ၄၀၃,၀၀၀ မရရှိသဖြင့် WAG အဖွ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ခေါင်နွဲ့မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၁ ဦးသည် လုပ်အားခ ဘတ် ၄၀၃,၀၀၀ မရရှိသဖြင့် WAG အဖွဲ့၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နယ်မြေခံ ဆဝါဒိကန်ရုံး၌ သွားရောက်တိုင်ကြားခဲ့သည်။ အလုပ်သမားများသည် လုပ်သက် ၁ နှစ်မှ ၄ နှစ်အထိ ရှိကြပြီး လစဉ် ၅ ရက်နေ့တွင် လုပ်အားခရှင်းပေးရန် ပြောဆိုထားသော်လည်း မရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အလုပ်ရှင်ဘက်က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လုပ်ခလစာ ရှင်းပေးမည်ဟု ပြန်လည် ချိန်းဆိုထားကြောင်း WAG အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။

news-view-count-icon

33