ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်ခရိုင်တွင် မိုးသည်းထန်မှုကြောင့် ရေကြီးနစ်မြုပ်မှု အခြေအနေ ဆက်လက်ဆိုးရွားနေသဖြင့် ဒေသခံပြည်သူများသည် အသက်ရှင်သန်နိုင်ရေးအတွက် အန္တရာယ်ကြီးလှသော လျှပ်စစ်ဓာတ်ကြိုးများပေါ်မှပင် တွယ်ကပ်လမ်းလျှောက်ကာ သွားလာနေရသည့် မြင်ကွင်းများ ပေါ်ထွက်လာခဲ့သည်။ လက်ရှိတွင် ဟတ်ရိုင်ခရိုင်၌ မိသားစုများစွာသည် နေအိမ်များအတွင်း၌ အစိုးရအကူအညီများ မရရှိဘဲ ပိတ်မိနေသူများ များစွာရှိနေသေးကြောင်း သိရသည်။ ဒေသခံတစ်ဦး၏ လူမှုကွန်ရက်မှ ဗီဒီယိုပို့စ်တွင် ဤအန္တရာယ်ရှိသည့် သွားလာပုံကို ဖော်ပြခဲ့ရာ လူမှုကွန်ရက်၌ ပျံ့နှံ့နေသည်။
Nov 26 • 12:42 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


