back

ရန်ကုန်ဈေးကွက်တွင် ရှမ်းပြည်ဘက်မှ ဝင်သည့် ကုန်စိမ်းအချို့ ၆ လအတွင်း သိသိသာသာ ဈေးမြင့်တက်

Nov 26 • 12:41 AM

breaking-news

မြန်မာ

ရှမ်း

cover

ရန်ကုန်ဈေးကွက်တွင် ရှမ်းပြည်ဘက်မှ ဝင်သည့် ကုန်စိမ်းအချို့ ၆ လအတွင်း သိသိသာသာ ဈေးမြင့်တက်

ရန်ကုန်မြို့ ဈေးကွက်အတွင်း၌ ယခုနှစ် ခြောက်လတာကာလအတွင်း ဟင်းသီးဟင်းရွက်အချို့၏ ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသူများ၏ ပြောကြားချက်အ...

ရန်ကုန်မြို့ ဈေးကွက်အတွင်း၌ ယခုနှစ် ခြောက်လတာကာလအတွင်း ဟင်းသီးဟင်းရွက်အချို့၏ ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။ အထူးသဖြင့် ရှမ်းပြည်ဘက်မှ ဝင်ရောက်သော ကုန်စိမ်းများ ဈေးတက်နေပြီး၊ ယခင်က ကျပ် ၄,၀၀၀ ရှိခဲ့သည့် ပန်းဂေါ်ဖီတစ်ပွင့်သည် ယခုအခါ ကျပ် ၅,၀၀၀ အထိရှိလာသည်။ အလားတူ အာလူးတစ်ပိဿာသည် ကျပ် ၆,၀၀၀ မှ ကျပ် ၈,၀၀၀ သို့ မြင့်တက်လာကာ၊ မုန်ညင်းထုပ်ဈေးမှာလည်း (၃၀) ကျပ်သားလျှင် ယခင် ကျပ် ၁,၀၀၀ ဝန်းကျင်မှ ကျပ် ၅,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ ဤသို့ ဈေးနှုန်းများ မြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ သယ်ယူစရိတ်နှင့် အလုပ်သမားခ မြင့်တက်ခြင်းအပြင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စိုက်ခင်းများ ပျက်စီးခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

29