back

တာချီလိတ်မြို့၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

Nov 26 • 12:39 AM

breaking-news

မြန်မာ

ကချင်

cover

တာချီလိတ်မြို့၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးနေသူများ...

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးနေသူများနှင့် ကတ်မပြုလုပ်ရသေးသူများအား နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ ဤစီမံချက်အရ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရပ်ကွက်/ကျေးရွာအလိုက် လိုအပ်ချက်ရှိသူများအတွက် "One Stop Service" အစီအစဉ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လိုအပ်သူများ၏ စာရွက်စာတမ်းများကို စိစစ်ကာ Biometric Data ကောက်ယူ၍ UID ကတ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ 

news-view-count-icon

20