ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က ရေဆင်းကူးရာမှ ပျောက်ဆုံးသွားခဲ့သော အသက် (၃၀) ဝန်းကျင်ရှိ အမျိုးသားလေးဦးထဲမှ နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီတွင် ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံး (ဗဟို) ထံမှ သိရသည်။ ပျောက်ဆုံးသူများသည် ချောင်းဆုံတံတားအနီးတွင် ရေကူးပြိုင်ရာမှ တစ်ဦးရေနစ်ကာ ကျန်သုံးဦးပါ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး၊ တွေ့ရှိရသည့် ရုပ်အလောင်းများသည် သဲစုပ်စက်အောက်၌ သဲဖုံးလွှမ်းနစ်မြုပ်နေခြင်းဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ကျန်ရှိသော နှစ်ဦး၏ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေပြီး၊ တွေ့ရှိရသည့် ရုပ်အလောင်းနှစ်လောင်းကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် မြဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။
မြဝတီတွင် ရေဆင်းကူး၍ ပျောက်ဆုံးခဲ့သည့် အမျိုးသား ၄ ဦးထဲမှ ၂ ဦး၏ ရုပ်အလောင်းကို ၉ ရက်အကြာတွင် ပြန်လည်တွေ့ရှိ
Nov 26 • 12:37 AM
မြန်မာ
ကရင်
မျှဝေမည်
| 14 | 0 | 0 | 0 |


