back

မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစွန့်ခွာသူပိုများလာကာ၃၀ ရာခိုင်နှုန်းခန့်သာမြို့မှာဆက်လက်နေထိုင်နေ

Nov 25 • 8:13 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစွန့်ခွာသူပိုများလာကာ၃၀ ရာခိုင်နှုန်းခန့်သာမြို့မှာဆက်လက်နေထိုင်နေ

မန္တလေး၊မိုးကုတ်တွင် မြို့ကိုစွန့်ခွာသူ ပိုမိုများပြားလာပြီး လူဦးရေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သာမြို့ပေါ်မှာဆက်လက်ကျန်ရှိနေတော့ကြောင်းဒေသခံများကပြောသည်။နယ...

မန္တလေး၊မိုးကုတ်တွင် မြို့ကိုစွန့်ခွာသူ ပိုမိုများပြားလာပြီး လူဦးရေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သာမြို့ပေါ်မှာဆက်လက်ကျန်ရှိနေတော့ကြောင်းဒေသခံများကပြောသည်။နယ်မြေအခြေအနေတည်ငြိမ်မှုနည်းပါးလာခြင်းအပေါ်စိုးရိမ်ထိတ်လန့်မှုများရှိနေသည့်ဒေသခံများမှာမြို့ကိုစွန့်ခွာနေကြခြင်းဖြစ်သည်။တချို့ကလည်း ကားခတွေမတတ်နိုင်လို့မထွက်ကြတာရှိတယ်။ တချို့ကလည်း ဘယ်လိုအခြေအနေဖြစ်ဖြစ်လုံးဝမထွက်ဘူးဆိုတဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့အရမ်းနည်းသွားပြီ။ အများစုကတော့ သွားလို့လာလို့ရနေတုန်းအမြန်ထွက်ကြတာပေါ့"ဟု မိုးကုတ်ဒေသခံတစ်ဦးကပြောသည်။ယခုလနှောင်းပိုင်းတွင်ဒေသတွင်းအခြေအနေ ကြီးကြီးမားမားအပြောင်းအလဲဖြစ်ပွားလာနိုင်ခြေရှိနေခြင်းအပေါ်ဒေသခံများကစိုးရိမ်နေကြကြောင်းသိရသည်။လူဦးရေသိန်းနှင့်ချီရှိခဲ့သည့်မြို့ကုတ်မြို့တွင် လက်ရှိအချိန်တွင် ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းများအပါအဝင်လုပ်ငန်းအများစုမှာရပ်တန့်သွားခဲ့ပြီး ကျောက်တူးဖော်မှုအချို့သာဆက်လက်လည်ပတ်မှုရှိနေကြောင်းဒေသခံများကဆိုသည်။


news-view-count-icon

38