မလေးရှားရင်းဂစ်တန်ဖိုးသည် ယခုနှစ်အစပိုင်းက စင်ကာပူ ၁ ဒေါ်လာလျှင် ၃.၃ ရင်းဂစ်မှ လက်ရှိတွင် ၃.၁၇ ရင်းဂစ်သို့ ငွေလဲနှုန်း အနည်းငယ်သာ မြင့်တက်လာခဲ့သော်လည်း စင်ကာပူနိုင်ငံသားများအတွက် မလေးရှားသို့ သွားရောက်လည်ပတ်ခြင်းနှင့် ဖြုန်းတီးခြင်းမှာ ပြန်ရသည့်အမြတ်နှင့် နှိုင်းယှဉ်ပါက တန်နေဆဲဖြစ်ကြောင်း ပုံမှန်သွားရောက်သူများက မှတ်ချက်ပေးသည်။ ဥပမာအားဖြင့်၊ မလေးရှား၌ ၁၀ ရင်းဂစ်တန်သည့် ခေါက်ဆွဲတစ်ပွဲသည် စင်ကာပူဒေါ်လာ ၃.၁၅ မျှသာရှိပြီး ဤဈေးနှုန်းသည် စင်ကာပူတွင် မည်သည့်အရာမှ ဝယ်စား၍မရနိုင်သည့် ဈေးနှုန်းဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဂျိုဟိုးဘက်သို့ ဘတ်စ်ကားဖြင့် သွားလာရခြင်းမှာ လွယ်ကူနေခြင်းကြောင့် စင်ကာပူသားအချို့သည် စျေးဝယ်တွန်းလှည်းများပင် ယူဆောင်ကာ မလေးရှားဘက်သို့ ထွက်နေကြသည်ဟု သိရသည်။
Nov 26 • 12:55 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


