ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ပင်လုံလမ်းမပေါ်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။ယနေ့ နိုဝင်ဘာ ၂၅ ရက် နံနက် ၂ နာရီဝန်းကျင်အချိန်ခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမပေါ် Bakery & Cafe House ရှေ့ ဘိုဘိုမင်း ဟိုတယ် ၆ လွှာ မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ် သည်။အဆိုပါ ပြုတ်ကျသေဆုံးသွားသော အမျိုးသားရုပ်လောင်းကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်း သေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။



