back

လက်ဘနွန်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ဟစ်င်ဘိုလာ ထိပ်တန်းတာဝန်ရှိသူ သေဆုံး

Nov 25 • 4:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

လက်ဘနွန်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ဟစ်င်ဘိုလာ ထိပ်တန်းတာဝန်ရှိသူ သေဆုံး

အစ္စရေးစစ်တပ်သည် အပစ်အခတ် ရပ်စဲရေး ရှိနေသော်လည်း လက်ဘနွန်မြို့တော်ဘေရွတ်၏တောင်ပိုင်း ဆင်ခြေဖုံးဒေသ များ၌ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဟစ်ဇ်ဘိုလာစစ်သွေးကြွ...

အစ္စရေးစစ်တပ်သည် အပစ်အခတ် ရပ်စဲရေး ရှိနေသော်လည်း လက်ဘနွန်မြို့တော်ဘေရွတ်၏တောင်ပိုင်း ဆင်ခြေဖုံးဒေသ များ၌ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့၏ ထိပ်တန်း တာဝန်ရှိသူတစ်ဦးကို သုတ်သင်ခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။ ဟစ်ဖ်ကိုလာခေါင်းဆောင် ဟိုင်ဝမ် အလီအယ်လ်တပ်ဘ်တာဘိုင်သည် ရာထူး တာဝန်များစွာကိုထမ်းဆောင်ခဲ့သည့် ထိပ်တန်း တာဝန်ရှိသူဟု အစ္စရေးကပြောသည်။လူဦးရေထူထပ်သော ဒါဟိခရိုင်ရှိ တိုက်ခန်း အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သော တိုက်ခိုက်မှုတွင် အနည်းဆုံး လူငါးဦးသေဆုံး ပြီး အခြား ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။ ဟစ်ဇ်ဘိုလာက တပ်ဘ်တာဘိုင်၏ သေဆုံးမှုကို အတည်ပြုခဲ့ပြီး အစ္စရေး၏တိုက် ခိုက်မှုသည် အနီရောင်မျဉ်းကို ဖြတ်ကျော်ခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ယင်းတိုက်ခိုက်မှုသည် လပေါင်းများစွာ အတွင်း ဘေရွတ်တောင်ပိုင်းတွင် အစ္စရေး၏ ပထမဆုံးတိုက်ခိုက်မှုဖြစ်သည်။

လက်ဘနွန်အစိုးရအနေဖြင့် ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းရန် ၎င်း၏ကတိ ကဝတ်ကိုအကောင် အထည်ဖော်မည်ဟု မျှော်လင့်ကြောင်း နေတန်ယာဟုက ပြောသည်။



news-view-count-icon

26