back

ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလက်မှတ်များကို ၅ ရက်အလိုမှ ကြိုတင် Booking ပြုလုပ်နိုင်ပြီး MMQR Code ဖြင့် Online ငွေပေးချေနိုင်

Nov 25 • 4:35 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလက်မှတ်များကို ၅ ရက်အလိုမှ ကြိုတင် Booking ပြုလုပ်နိုင်ပြီး MMQR Code ဖြင့် Online ငွေပေးချေနိုင်

ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းပိုင်းပြေးဆွဲသော DEMU နှင့် RBE ရထားများ စီးနင်းလိုသည့် ခရီးသွားပြည်သူများသည် ခရီးမသွားမီ ငါးရက်အလိုမှ စတင်၍ ကြိုတင်ဘိုကင်တင်ခြင်...

ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းပိုင်းပြေးဆွဲသော DEMU နှင့် RBE ရထားများ စီးနင်းလိုသည့် ခရီးသွားပြည်သူများသည် ခရီးမသွားမီ ငါးရက်အလိုမှ စတင်၍ ကြိုတင်ဘိုကင်တင်ခြင်းပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ Booking ပြုလုပ်ရန် သက်ဆိုင်ရာဖုန်းနံပါတ်သို့ ဆက်သွယ်ရမည်ဖြစ်ပြီး၊ ထိုင်ခုံလစ်လပ်မှုရှိပါက ခရီးသွားမည့်နေ့မတိုင်မီ သုံးရက်အလိုတွင် ဝန်ထမ်းက Viber မှတစ်ဆင့် လက်မှတ်ကျသင့်ငွေပမာဏနှင့် MMQR Code ကို ပေးပို့မည်ဖြစ်သည်။ ခရီးသွားသူသည် မည်သည့် Online Payment အမျိုးအစားနှင့်မဆို MMQR Code ဖြင့် ငွေပေးချေနိုင်ပြီး ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို တစ်နာရီအတွင်း Viber မှတစ်ဆင့် ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ ထို့နောက် ရထားမထွက်ခွာမီ တစ်နာရီအလိုတွင် ဘူတာလက်မှတ်ရုံ၌ အထောက်အထားပြသ၍ ရထားလက်မှတ်ထုတ်ယူ စီးနင်းနိုင်မည်ဖြစ်သည်။

news-view-count-icon

44