back

မန်ယူနဲ့ပွဲတွင် အသင်းဖော် မိုက်ကယ်ကင်းကို တိုက်ခိုက်ခဲ့တဲ့ ဂေးယီ ပြန်လည်တောင်းပန်

Nov 25 • 3:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူနဲ့ပွဲတွင် အသင်းဖော် မိုက်ကယ်ကင်းကို တိုက်ခိုက်ခဲ့တဲ့ ဂေးယီ ပြန်လည်တောင်းပန်

အဲဗာတန်ကွင်းလယ်ကစားသမား ဂေးယီက မန်ယူနိုက်တက်နဲ့ပွဲမှာ အသင်းဖော် မိုက်ကယ်ကင်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ပွဲအပြီးမှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ပွဲခ...

အဲဗာတန်ကွင်းလယ်ကစားသမား ဂေးယီက မန်ယူနိုက်တက်နဲ့ပွဲမှာ အသင်းဖော် မိုက်ကယ်ကင်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ပွဲအပြီးမှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ပွဲချိန် ၁၃ မိနစ်မှာ ဂေးယီနဲ့ မိုက်ကယ်ကင်းတို့ အချေအတင် ဖြစ်ပွားခဲ့ပြီး မိုက်ကယ်ကင်းက နှစ်ကြိမ်တိုင် တွန်းခဲ့ပြီးနောက် ဂေးယီက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာဖြစ်တယ်။ဂိုးသမား ပစ်ဖို့ဒ်က သူတို့နှစ်ဦးအကြား လူစုခွဲခဲ့ပြီးနောက် ဒိုင်လူကြီးက ဂေးယီကို တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။အသင်းသားအားလုံးရှေ့မှာလည်း ဂေးယီက ဝန်ချတောင်းပန်ခဲ့ပြီး အသင်းဖော်တွေက လက်ခုပ်သြဘာပေးခဲ့တယ်လို့ အဲဗာတန်နည်းပြ ဒေးဗစ်မွိုက်စ်က ပြောခဲ့ပါတယ်။ဒါပေမဲ့ ဒေးဗစ်မွိုက်စ်က အသင်းဖော်တွေအကြား ဒီလိုစိတ်ဆန္ဒပြင်းပြတဲ့ တိုက်ခိုက်မှုမျိုးကို နှစ်သက်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

news-view-count-icon

21