back

မန်ယူနည်းပြ အာမိုရင်မ် ပြီးခဲ့တဲ့ရာသီကလို ထပ်ဖြစ်မှာကို ကြောက်ရွံ့နေတယ်လို့ ဝန်ခံ

Nov 25 • 3:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူနည်းပြ အာမိုရင်မ် ပြီးခဲ့တဲ့ရာသီကလို ထပ်ဖြစ်မှာကို ကြောက်ရွံ့နေတယ်လို့ ဝန်ခံ

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က အဲဗာတန်ကို ဝ-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပြီးခဲ့တဲ့ရာသီကလို ထပ်ဖြစ်မှာကို ကြောက်ရွံ့နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ဒါ့အပြင် ...

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က အဲဗာတန်ကို ဝ-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပြီးခဲ့တဲ့ရာသီကလို ထပ်ဖြစ်မှာကို ကြောက်ရွံ့နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ဒါ့အပြင် ၎င်းက အဲဗာတန်နဲ့ပွဲမှာ သူ့ရဲ့အသင်းဟာ ရှုံးပွဲနဲ့ ထိုက်တန်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။အဲဗာတန်ကွင်းလယ်ကစားသမား ဂေးယီဟာ ၁၃ မိနစ်မှာ အသင်းဖော်နောက်ခံလူ မိုက်ကယ်ကင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်လို့ အနီကတ်ပြသခံခဲ့ရပါတယ်။အဲဒီကတည်းက မန်ယူနိုက်တက်အသင်း တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ ၂၉ မိနစ်မှာ ဒူးစ်ဘူရီဟောလ်က အဲဗာတန်အတွက် အနိုင်ဂိုး သွင်းခဲ့တာပါ။မန်ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် အရေးနိမ့်ခဲ့တာ ဖြစ်ပါသည်။

news-view-count-icon

46