back

ငလျင်ကယ်ဆယ်ရေးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်များအား ရုရှား EMERCOM က ဂုဏ်ပြုဆုများ ချီးမြှင့်

Nov 25 • 3:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

ငလျင်ကယ်ဆယ်ရေးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်များအား ရုရှား EMERCOM က ဂုဏ်ပြုဆုများ ချီးမြှင့်

ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လူထုကာကွယ်ရေ...

ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လူထုကာကွယ်ရေး၊ အရေးပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ရေး ဝန်ကြီးဌာန (EMERCOM) မှ ချီးမြှင့်သည့် ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ (နိုဝင်ဘာ ၂၄) မွန်းလွဲပိုင်းက နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရုရှားသံအမတ်ကြီးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဂုဏ်ပြုခံရသူများ ကိုယ်စား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

news-view-count-icon

25