back

ဗီယက်နမ်ဝန်ကြီးချုပ်က ရေဘေးသင့်ဒေသခံများ၏နေအိမ်များ တည်ဆောက်ရေး တိုက်တွန်း

Nov 25 • 3:39 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်ဝန်ကြီးချုပ်က ရေဘေးသင့်ဒေသခံများ၏နေအိမ်များ တည်ဆောက်ရေး တိုက်တွန်း

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းနယ်မြေများတွင် မကြာသေးမီက ရေကြီးမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသခံနေထိုင်သူများ၏နေအိမ်များ ပြန်လည်ပြုပြင်ခြင...

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းနယ်မြေများတွင် မကြာသေးမီက ရေကြီးမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသခံနေထိုင်သူများ၏နေအိမ်များ ပြန်လည်ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန် ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်က တောင်းဆိုခဲ့ကြောင်း ဒေသသတင်းစာ Nhan Dan နေ့စဥ်က နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။၎င်းက ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ပြင်ဆင်မှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မတိုင်မီ အပြီးလုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။စီးပွားရေးအရ ဆုံးရှုံးမှုအနေဖြင့် ဗီယက်နမ်ဒေါင် ၁၃ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၉၃ သန်းခန့်) ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

14