back

တရုတ်နိုင်ငံက တောင်အာဖရိကနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမည်ဟု တရုတ်ဝန်ကြီးချုပ် လီ ကတိပြု

Nov 25 • 3:40 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံက တောင်အာဖရိကနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမည်ဟု တရုတ်ဝန်ကြီးချုပ် လီ ကတိပြု

တရုတ်နိုင်ငံသည် တောင်အာဖရိကနိုင်ငံနှင့်အတူ အချင်းချင်း အခိုင်အမာထောက်ခံ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် လုပ်ဆောင်ရန် အသင...

တရုတ်နိုင်ငံသည် တောင်အာဖရိကနိုင်ငံနှင့်အတူ အချင်းချင်း အခိုင်အမာထောက်ခံ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် လုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ တောင်အာဖရိကနိုင်ငံတွင် နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်က ကျင်းပခဲ့သော ၂၀ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး၌ တောင်အာဖရိက ဒုတိယသမ္မတ Paul Mashatile နှင့် တွေ့ဆုံစဉ် လီက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ အာဖရိကဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုဆိုင်ရာ တောက်ပသောအနာဂတ် ပူးတွဲဖန်တီးရေး စသည်တို့အတွက် တရုတ်နိုင်ငံက အသင့်ရှိကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။

news-view-count-icon

17