နိုင်ဂျီးရီးယားနိုင်ငံ နိုင်ဂျာ ပြည်နယ်ရှိ ကက်သလစ်ကျောင်းတစ် ကျောင်းမှ သေနတ်သမားများ ပြန် ပေးဆွဲခံရသော ကျောင်းသား ၃ဝ၅ ဦးအနက် ၅ဝ ပြန်လည်လွတ်မြောက် လာကြောင်း တာဝန်ရှိသူများက နိုဝင် ဘာ ၂၂ ရက်တွင်ပြောသည်။ နိုင်ဂျီးရီးယားခရစ်ယာန်အဖွဲ့ ၏အဆိုအရ ကျောင်းသားများသည် နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လွတ်မြောက်ခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးထားသူများထံမှ ထွက်ပြေး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ကျန်ရှိ နေသောကလေး ၂၆၅ ဦးနှင့် ဆရာ ၁၂ဦးကို စစ်ဘက်က ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေ သည်။ နိုင်ဂျာပြည်နယ်တွင် အစုလိုက် အပြုံလိုက် ပြန်ပေးဆွဲမှုနှင့် ကက်ဘီ ပြည်နယ်တွင် ဘော်ဒါကျောင်းတစ် ကျောင်းမှ ကျောင်းသား ၂၀ ပြန်ပေ ဆွဲခံရမှုတို့ ဖြစ်ပွားပြီးနောက် အာဏာ ပိုင်များက ကျောင်းများကို ပိတ်ရန် အမိန့်ပေးခဲ့သည်။နောက်ထပ် ဖြစ်ရပ်တစ်ခု အနေဖြင့် ကပါရာပြည်နယ်ရှိ ဘုရား ကျောင်းတစ်ကျောင်းမှ လွန်ခဲ့သည့် တစ်ပတ်က ပြန်ပေးဆွဲခံရသူ ၃၈ ဦး လည်း နိုဝင်ဘာ ၂၂ ရက်တွင် လွတ် မြောက်ခဲ့ကြောင်း ပြည်နယ်အုပ် ချုပ်ရေးမှူးက ပြောသည်။ ကက်ဘီ၊ နိုင်ဂျာ၊ ကတ်စီနာ၊ ယိုဘီနှင့် ကဝါရာပြည်နယ်များရှိ ကျောင်းများစွာကို ပိတ်ရန် အမိန့်များ ထုတ်ပြန်ခဲ့သည်။ ပြန်ပေးဆွဲမှု ဖြစ်ပွား ခဲ့သော စိန့်မေရီဘုရားကျောင်းသည် ကျောင်းများပိတ်ထားရန် ညွှန်ကြား ချက်ကို လျစ်လျူရခဲ့ကြောင်း တာဝန်ရှိ သူများက ပြောသည်။



