ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံမြို့နယ်၊ပင်လုံလမ်းမပေါ် တိုက်အမြင့် (၆)လွှာ (၇)ထပ် အမြင့်ပေါ်ကနေ အမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ကူညီပေးခဲ့သူတွေဆီက သိရပါတယ်။ ဒီနေ့မနက်၂နာရီအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနား နေသူ တွေနဲ့ ကူညီပေးသူတွေကတာ့ ဒီအမျိုး သားဟာ မတော်တဆ ပြုတ်ကျပြီး သေဆုံးခဲ့တာမဟုတ်ဘူးလို့ အသိပေးထားကြပါတယ်။ ပြုတ်ကျရတဲ့အကြာင်းရင်းကို မသိရသေးပဲ သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ သိရပါတယ်။ သေဆုံးသူမျိုးသားအလောင်းကို ဝန်းရံလူမူကူညီ ရေးအသင်းကသွားရောက်သယ်ယူပေးပြီး မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။



