မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ လူငယ် ၂၃ ယောက် လူကုန်ကူးခံရပြီး ၁၆ ယောက် အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ ကူညီပေးနေသူတွေနဲ့ မိဘတွေဆီက သိရပါတယ်။အသက် ၁၇ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ်ကြားရှိ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး သုံးယောက်၊ ပြီးခဲ့တဲ့ ဇွန်လအတွင်းက လူကုန်ကူးခံရတာဖြစ်ပြီး အဲဒီထဲက အမျိုးသား ၁၆ ယောက်ကတော့ လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ကူညီပေးနေသူက ပြောပါတယ်။လူကုန်ကူးခံရသူတွေဟာ ဂန့်ဂေါနယ်ရှိ ပန်းထိပ်၊ စံပယ်၊ ဘီလင်း၊ ခေါက်ခူ၊ စမြိတ်၊ မင်းရွာ စတဲ့ ကျေးရွာ ခြောက်ရွာက လူငယ်တွေဖြစ်ပြီး ပွဲစားတွေဖြစ်တဲ့ ဦးဖိုးနီနဲ့ ဒေါ်စုမြတ်နိုင် (ခ) မမငယ် တို့က နိုင်ငံခြားမှာ အလုပ်ပေးမယ်ဆိုပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကူညီပေးနေသူက နောက်နောင်မှာ အခုလို ဖြစ်စဉ်မျိုးတွေ ထပ်မဖြစ်ရစေဖို့ ပြည်သူတွေအနေနဲ့ အစစအရာရာ သတိပြု ဆင်ခြင်စေချင်တယ်လို့ ပြောပါတယ်။
Nov 25 • 2:05 AM
မြန်မာ
မကွေး
မျှဝေမည်
| 21 | 0 | 0 | 0 |


