back

ရှမ်းပြည်တောင်ပိုင်းတွင် (၈) နှစ်မြောက် ဓနု အမျိုးသားနေ့ကို ရပ်စောက်မြို့နယ် ဆင်သေရွာတွင်ကျင်းပမည်ဖြစ်

Nov 25 • 2:03 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်တောင်ပိုင်းတွင် (၈) နှစ်မြောက် ဓနု အမျိုးသားနေ့ကို ရပ်စောက်မြို့နယ် ဆင်သေရွာတွင်ကျင်းပမည်ဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မြင်တောင်ကျေးရွာအုပ်စု ဆင်သေရွာ ဆင်သေဘုန်းကြီးကျောင်းတွင် (၈) နှစ်မြောက် ဓနု အမျိုး သားနေ့ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြေ...


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မြင်တောင်ကျေးရွာအုပ်စု ဆင်သေရွာ ဆင်သေဘုန်းကြီးကျောင်းတွင် (၈) နှစ်မြောက် ဓနု အမျိုး သားနေ့ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီ ၊ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် ၊ ဗဟို ထံမှ သိရသည်။ဓနု အမျိုးသားနေ့ တွင် ၁၃၈၇ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ထူးချွန်ဘွဲ့တံဆိပ်တော်ရ ဓနု ဂုဏ်ဆောင် သံဃာတော်များအား (၈) နှစ်မြောက် ဓနု အမျိုး သားနေ့တွင် ဓနုဝံသဂုဏဝိသိဋ္ဌဓရ ဘွဲ့တော် အား ချီးကျူးဂုဏ်ပြု ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။အခမ်းအနား အစီအစဉ်အရ နိုဝင်ဘာလ ၂၇ ရက် ကြာသပတေးနေ့ နံနက်ပိုင်း (၇) နာရီ အချိန်တွင် စုရပ်မှ စတင် စီတန်း ချီတက်သွားမည်ဖြစ်ကြောင်း သိရသည်။လာရောက်ကြသည့် ဧည့်သည်တော်များအား နေ့လည်စာ တည်ခင်း ဧည့်ခံခြင်း နှင့် ဓနုရိုးရာ ယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

news-view-count-icon

37