back

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများ တိုးတက်လာပြီ ယူဆချက်ကြောင့် အမေရိကန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ ကျော်ကို ယာယီခိုလှုံခွင့်ပေးထားမှု ရပ်စဲခံလိုက်ရ

Nov 25 • 2:02 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများ တိုးတက်လာပြီ ယူဆချက်ကြောင့် အမေရိကန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ ကျော်ကို ယာယီခိုလှုံခွင့်ပေးထားမှု ရပ်စဲခံလိုက်ရ

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများ တိုးတက်လာပြီ ယူဆချက်ကြောင့်အမေရိကန်ပြည်ထောင်စုသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်မှုများကြောင့် ခိုလှုံရောက်...

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများ တိုးတက်လာပြီ ယူဆချက်ကြောင့်

အမေရိကန်ပြည်ထောင်စုသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်မှုများကြောင့် ခိုလှုံရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အဆင့် (Temporary Protected Status - TPS) ပေးထားမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် အပြီးသတ် ရပ်စဲတော့မှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ယာယီခိုလှုံခွင့် ပိတ်ပင်ရခြင်း အကြောင်းရ

င်းများအဖြစ် မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ တိုးတက်မှုများ ရှိလာခြင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးရေးတွင် တိုးတက်မှုများ ရှိလာခြင်း တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အဓိက ဖော်ပြထားပါတယ်။လက်ရှိတွင် DHS စာရင်းအရ မြန်မာနိုင်ငံသား ၃,၆၇၀ ဦးမှ ၄,၀၀၀ နီးပါး သည် TPS အစီအစဉ်အောက်တွင် အကာအကွယ်ရရှိထားကာ အမေရိကန်၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (EAD) ကို တရားဝင် ရရှိထားတာဖြစ်ပါတယ်။TPS ရရှိသူများသည် လူဝင်မှုကြီးကြပ်ရေး အခြေအနေကြောင့် ဖမ်းဆီးခံရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်းမှ ကင်းလွတ်ပြီး အလုပ်လုပ်ကိုင်ခွင့်နှင့် ခရီးသွားလာခွင့် လျှောက်ထားနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

news-view-count-icon

36