ဆိုးလ်မြို့ရှိ မြန်မာသံရုံးသည် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး/ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်အတွက် ထုတ်ပေးမည့်ရက်ကို တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။ ယခင်က နေ့စဉ်ပုံမှန် ရုံးဖွင့်ရက်များ (မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ) တွင်သာ ထုတ်ပေးခဲ့ရာမှ ယခုအခါ လာရောက်ထုတ်ယူသူများအတွက် အပတ်စဉ် စနေနေ့ (မွန်းလွဲ ၁၂ နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ) ကိုပါ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
Nov 25 • 2:01 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


