ဘန်ကောက်မြို့ဟာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မီးရှူးမီးပန်းတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ အထူးစည်ကားလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ၂၀၂၆ ခုနှစ် နှစ်သစ်ကူးညကို ကြိုဆိုဖို့အတွက် အကအလှတွေ၊ ပါတီပွဲတွေနဲ့ အပြိုင်အဆိုင် ပြင်ဆင်ထားကြပါပြီ။ ဘန်ကောက်မှာ Countdown လုပ်ဖို့ စဉ်းစားနေသူတွေအတွက် အကောင်းဆုံးနေရာ ၆ ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ကျောက်ဖရား မြစ်ကမ်းနားက ICONSIAM မှာကျင်းပမယ့် ဒီပွဲကတော့ ထိုင်းနိုင်ငံရဲ့ အကြီးကျယ်ဆုံး Countdown ပွဲတစ်ခု ဖြစ်ပါတယ်။ NEON Countdown 2025မှာတော့ ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်တွေမှာ ကျင်းပမယ့် Electronic ဂီတပွဲတော်ဖြစ်ပြီး နိုင်ငံတကာက နာမည်ကြီး DJ တွေ လာရောက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
Nov 25 • 2:01 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


